အင်းဝမြို့မြို့ရိုး...
အင်းဝမြို့ဟောင်းကိုဘာကြောင့်မှန်းမသိ အရမ်းစိတ်ဝင်စားသည်။ အင်းဝကို အသက်၂၀ကျော်လောက်ကတစ်ခေါက်ရောက်ဖူးသော်လည်း သေချာမမှတ်မိပါ။ ဒီတစ်ခေါက်တော့သေချာကို ရောက်အောင်သွားပြီး ဓာတ်ပုံတော်တော်များများရိုက်ဖြစ်ခဲ့သည်။ သမိုင်းထဲကနေရာတစ်ခု ကို မပြုမပြင် ပဲယိုယွင်းပျက်ဆီးနေတာမြင်ရတော့ အင်းဝရွှေနန်းတော်ကြီးဆိုတာ တကယ်ရှိခဲ့လေသည်ပဲ လို့အတွေးများစွားနဲ့အတူ ဘာမဆိုင် ညာမဆိုင် ကိုးရီးယားနန်းတော်ကြီးကိုပြုပြင်ပြီး ထားတာကို အားကျမိသလိုလို အင်းဝမြို့ရိုးကြီးကို မြင်တော့ နှမြောမိသလိုလိုခံစားရသည်.....
No comments:
Post a Comment