Friday, January 27, 2012
အင်းဝမြို့ဟောင်း
အင်းဝမြို့မြို့ရိုး...
အင်းဝမြို့ဟောင်းကိုဘာကြောင့်မှန်းမသိ အရမ်းစိတ်ဝင်စားသည်။ အင်းဝကို အသက်၂၀ကျော်လောက်ကတစ်ခေါက်ရောက်ဖူးသော်လည်း သေချာမမှတ်မိပါ။ ဒီတစ်ခေါက်တော့သေချာကို ရောက်အောင်သွားပြီး ဓာတ်ပုံတော်တော်များများရိုက်ဖြစ်ခဲ့သည်။ သမိုင်းထဲကနေရာတစ်ခု ကို မပြုမပြင် ပဲယိုယွင်းပျက်ဆီးနေတာမြင်ရတော့ အင်းဝရွှေနန်းတော်ကြီးဆိုတာ တကယ်ရှိခဲ့လေသည်ပဲ လို့အတွေးများစွားနဲ့အတူ ဘာမဆိုင် ညာမဆိုင် ကိုးရီးယားနန်းတော်ကြီးကိုပြုပြင်ပြီး ထားတာကို အားကျမိသလိုလို အင်းဝမြို့ရိုးကြီးကို မြင်တော့ နှမြောမိသလိုလိုခံစားရသည်.....
Labels:
Travel Photo Diary,
မြန်မာ့အလှ,
အင်းဝမြို့ဟောင်း
မင်းကွန်းပုထိုးတော်ကြီး နှင့် မြသိန်းတန်ဘုရား (22.1.2012)
မင်းကွန်းပုထိုးတော်ကြီးပုံပါ ဘယ်နှစ်ကြိမ်ရောက်ရောက် ဓာတ်ပုံမရိုက်ပဲမနေနိုင်ပါဘူး လွန်ခဲ့သော 2007ခုနှစ်တုန်းက တစ်ခေါက်ရောက်ခဲ့တယ်
အရင်ပုံတွေလောက်သဘောမကျခဲ့ဘူး .. ပုံကောင်းကောင်းမရခဲ့ပေမယ့် အမှတ်တရတင်ထားဖြစ်ပါတယ်.. ယှဉ်ကြည့်ချင်ရင် ဒီလင့်ကို သွားကြည့်နိုင်ပါတယ်...http://pho-cho.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%94%E1%80%A1%E1%80%9C%E1%80%BD
Mother and Son
Irrawaddy River View, Mandalay (22.1.2012)
Subscribe to:
Posts (Atom)