Amazing Photo

ကျောက်မြောင်း အဒေါ်အိမ်ကိုရောက် တုန်း တွေ့လို့ အမှတ်တရရိုက်လာတာပါ 
သူယောင်မယ် လို့ ဆိုတာပဲ သေချာတော့မသိပါဘူး... ခုတော့ အသီးကခြောက်ပြီး လူပုံလေးတွေတော့ ယောကျာ်းမိန်းမ ခွဲပြီး သေချာမြင်ရအောင်ပုံကြီးပဲတင်ပေးထားပါတယ် အညှာလေးလည်းပါပါတယ် ထွင်းထုထားတာလားလို့ သေချာကိုင်ကြည့်ခဲ့ပါတယ် မဟုတ်ပါဘူး အပင်မှာ သီးတာတော့ မမြင်ဖူးပါဘူး အင်တာနက်မှာပါတဲ့ပုံကို တွဲပြီးတင်ပေးထားပါတယ် ဟုတ်မဟုတ်တော့ ယုံချင်လည်းယုံ မယုံချင်လည်းနေပေါ့နော် ထိုင်းနယ်စပ်ဘက်မှ ရလာတယ်လို့ဆိုပါတယ် အပင်လည်းတကယ်ရှိပါသတဲ့ ခဏပဲကြည့်ပြီး ပြန်ပေးရတာမို့ ဓာတ်ပုံလေးပဲမှတ်တမ်းယူထားလိုက်နိုင်ပါတယ် တဆင့်သိပြီး ကြည့်ခဲ့ ရတာဆိုတော့ ပိုင်ရှင်နဲ့လည်းတွေ့ခွင့်မရခဲ့ပါဘူး.. ဒါကြောင့် ဇော်ဂျီတွေ ဆေးကြိမ်လုံးနဲ့ တို့ပြီး ပျော်ပါးခဲ့တဲ့ ရာဇဝင်ထဲက သူယောင်မယ် ဟုတ်မဟုတ်တော့ .... ယုံချင်လည်းယုံ မယုံချင်လည်းမယုံနဲ့ပေါ့နော် ခုဟာက ဇော်ဂျီတောင် ရွာလည်သွားနိုင်တယ် သူယောင်ထီးပါပါနေတာကိုး ဆေးကြိမ်လုံးနဲ့ မတို့ခင် သူယောင်ထီး ပြန်တီးလို့ ဇော်ဂျီ ခေါင်းကွဲကိန်းဆိုက်မယ့် အဖြစ်ထင်ရတာပဲ ... ဘာပဲဖြစ်ဖြစ် ထူးထူးဆန်းဆန်း အမြင်ဆန်းလို့ တင်ပေးလိုက်ပါတယ်.....








No comments: